
ရခိုင်လက်ကျန် ၃ မြို့ကို သိမ်းမယ်လို့ အာရက္ခတပ်တော် ကြုံးဝါး
Notas del episodio
ရခိုင်ထဲက လက်ကျန် ၃ မြို့ကိုပါ သိမ်းမယ်လို့ အာရက္ခတပ်တော် ကြုံးဝါး (ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဥ် - စနေည ၁၄၊၁၁၊၂၀၁၆) - ရခိုင်ထဲက လက်ကျန် ၃ မြို့ကိုပါ သိမ်း ပြီး ရခိုင်ပြည်သူတွေကို လက်ဆောင်ပေးမယ်လို့ အာရက္ခတပ်တော် ကြုံးဝါး - နေပြည်တော် အသွင်ပြောင်း အစိုးရရဲ့ သမ္မတ ဦးမင်းအောင်လှိုင်ကို ချန်ထားမြဲ ဖြစ်တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မနက်ဖြန် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ မနက်ဖြန် စပြီ - အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ် အစည်းအဝေးတွေကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်လည်း လာတက်မယ် - သမ္မတထရမ့် မနီလာကနေ တရုတ်တောင်ပိုင်း ကွမ်းတုံရဲ့ အဓိက မြို့ကြီး ရှန်ကျန်းကို ခရီးဆက်ပြီး အေပက် ထိပ်သီး အစည်းအဝေးကို သွားတက်မယ် - အဲဒီမှာ အမေရိကန်-ရုရှား-တရုတ် ၃ နိုင်ငံ မကြုံစဖူး ထိပ်သီးတွေ့ဆုံမှု တပါတည်း ပြုလုပ်မယ်လို့ အိမ်ဖြူတော်ပြောပေမယ့်၊ တရုတ်နဲ့ ရုရှားတို့ဘက်ကတော့ နှုတ်ဆိတ်နေဆဲဖြစ် လန်ဒန်မြို့တော် ဘီဘီစီရုံးချုပ် စတူဒီယိုထဲကနေ ဘီဘီစီမြန်မာပိုင်းရဲ့ မြန်မာစံတော်ချိန် ည ၈နာရီ ရေဒီယို တိုက်ရိုက် ထုတ်လွှင့်မှုတွေကို၊ ညစဥ် ရုပ်သံ အနေနဲ့လည်း ဖေ့စ်ဘုတ်နဲ့ ယူကျုတို့ကနေ တပြိုင်တည်း တင်ဆက် ပေးနေပြီ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို ည ၈ နာရီကနေ ၈နာရီခွဲအထိ လှိုင်းတိုမီတာ ၂၂ ကီလိုဟာ့တ်ဇ် ၁၃၇၄၀ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
Todos los episodios de ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်