
ဦးမင်းအောင်လှိုင်ကို ထိပ်သီးဆွေးနွေးပွဲတွေကနေ ဆက်ပြီးဖယ်ထားဖို့ အာဆီယံဆုံးဖြတ်
Notas del episodio
ဦးမင်းအောင်လှိုင်ကို ထိပ်သီးဆွေးနွေးပွဲတွေကနေ ဆက်ပြီးဖယ်ထားဖို့ အာဆီယံဆုံးဖြတ် ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဥ် (တနင်္ဂနွေည ၁၅၊၁၁၊၂၀၁၆) - တူညီဆန္ဒ ၅ ချက်ကို အဓိပ္ပာယ် ပြည့်ဝအောင် အကောင်အထည် မဖော်နိုင်သရွေ့တော့ မြန်မာကို အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာ နိုင်ငံရေး အရ ကိုယ်စားပြုခွင့် ပေးမှာ မဟုတ်သေးဘူးလို့ အာဆီယံ ခေါင်းဆောင်တွေ ဆုံးဖြတ် - စကိုင်းဗီလာ မြေနေရာကို လေလံတင်ရောင်းပြီး၊ ကုမ္ပဏီနဲ့ အခန်းပိုင်ရှင်တွေ ခွဲဝေယူကြဖို့ မန္တလေးမှာ ဒီကနေ့ လက်မှတ်ထိုး - ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ်လုပ်သားတွေ လုပ်ခလစာ တိုးရနိုင်ရေး သီတင်းပတ်ပေါင်းများစွာ ဆန္ဒပြနေလို့ စက်ရုံအများအပြား ပိတ်ထားရ - စစ်ရပ်ရေး သဘောတူမှု ထွက်မလာနိုင် ဖြစ်နေချိန်မှာပဲ၊ အီရန်က အမေရိကန် အမှတ် ၅ ရေတပ်အုပ်စု ပင်လယ်ကွေ့ဒေသထဲ အခြေစိုက်ရာ ဘာရိန်းကို လေကြောင်းကနေ တိုက်ခိုက်တာတွေ ထပ်လုပ်ဆောင် .... လန်ဒန်မြို့တော် ဘီဘီစီရုံးချုပ် စတူဒီယိုထဲကနေ ဘီဘီစီမြန်မာပိုင်းရဲ့ မြန်မာစံတော်ချိန် ည ၈နာရီ ရေဒီယို တိုက်ရိုက် ထုတ်လွှင့်မှုတွေကို၊ ညစဥ် ရုပ်သံ အနေနဲ့လည်း ဖေ့စ်ဘုတ်နဲ့ ယူကျုတို့ကနေ တပြိုင်တည်း တင်ဆက် ပေးနေပြီ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို ည ၈ နာရီကနေ ၈နာရီခွဲအထိ လှိုင်းတိုမီတာ ၂၂ ကီလိုဟာ့တ်ဇ် ၁၃၇၄၀ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
Todos los episodios de ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်