
ရပ်ရွာဓလေ့ထုံးတမ်းအောက်က အကာအကွယ်မဲ့ မိန်းကလေးများ
Notas del episodio
ရပ်ရွာဓလေ့ထုံးတမ်းအောက်က အကာအကွယ်မဲ့ မိန်းကလေးများ
“ကျူးလွန်ခံရတဲ့ မိန်းကလေးဘက်က အပြောပဲရှိတယ်၊ သက်သေလည်း မရှိဘူး။ အဲဒီတော့ နှစ်ဖက်စလုံး ပြေလည်သွားအောင် ကျေအေးပေးလိုက်ပါဆိုပြီး လူကြီးတွေက ဆုံးဖြတ်လိုက်တာ”
ဒီစကားကတော့ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရတယ်လို့ စွပ်စွဲထားတဲ့ အမှုမှာ လိုက်ပါကူညီပေးနေတဲ့ နန်းဟွမ်ထံ စိတ်ပျက်လက်ပျက် ပြောပြလာတဲ့ စကားပဲဖြစ်ပါတယ်။
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကျေးရွာတစ်ရွာမှာ ပြီးခဲ့တဲ့ ဇွန်လတုန်းက အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။
Todos los episodios de Shan Herald Agency for News (Burmese Edition)