
မိုက်ခရိုဆော့ဖ် အင်တာနက် ပြတ်တောက်သွားမှုတွေကြောင့် ကမ္ဘာတဝန်း ထိခိုက်မှုတွေ ဖြစ်ခဲ့
Notes de l’épisode
- ကမ္ဘာတဝန်း ထိခိုက် ပြတ်တောက်မှုတွေ ဖြစ်ခဲ့တဲ့ မိုက်ခရိုဆော့ဖ် အင်တာနက်ဝန်ဆောင်မှု နောက်ဆုံးအခြေအနေ - တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ရာ ဒေသတွေမှာ နယ်စပ် ကုန်သွယ်ရေးဂိတ်တွေ ပြန်ပွင့် - ရန်ကုန်က အိမ်ခြံမြေ ဝယ်သူ၊ ရောင်းသူနဲ့ အကျိုးဆောင်တွေကို (စသုံးလုံး) က နေပြည်တော်အထိ ခေါ်ယူ စစ်ဆေးမှုတွေ လုပ်နေ - ဆေးကုသခွင့် လိုင်စင်မရှိဘဲ တိုင်းရင်းဆေး ကုနေကြတဲ့ ရွှေလက် ဒေါ်ခင်စန်းရီနဲ့ သရုပ်ဆောင် ထူးခန့်ကျော်တို့ကို ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုက ဒေါက်တာဘွဲ့ ပေးခဲ့တဲ့အတွက် ဝေဖန်မှုတွေပေါ်ထွက် - ဘာရိန်းမှာရှိတဲ့ အမေရိကန် ကြိုတင်သတိပေး ရေဒါအချက်ပြ စနစ်တစ်ခုကို ဖျက်ဆီးလိုက်နိုင်ခဲ့တယ်လို့ အီရန်ပြော - အီရန်ရဲ့ ယူရေနီယမ် သန့်စင်ရေးစက်ရုံတစ်ခုနဲ့ ပတ်သက်လို့ IAEA က စိုးရိမ်မှုတွေ တိုးပွားလာနေ - မော်စကိုမှာ ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း ရုရှားမှာ ခိုလှုံနေပြီး သမ္မတပူတင်ကို ထောက်ခံသူ ယူကရိန်းလူမျိုးတစ်ဦး ဒဏ်ရာရခဲ့