
Shan Herald Agency for News (Burmese Edition)
- Épisodes
- 92
- Parution
- hebdomadaire
- Dernier épisode
- 9 Nov 2026
À propos du podcast
The Shan Herald Agency for News (Burmese Edition) is a private, nonprofit, multi-media organization that was established in Shan State in 1991.
Épisodes 92
အလုပ်အကိုင် ရှားပါးမှုကြား “ Date Girl” ဝန်ဆောင်မှု
အလုပ်အကိုင် ရှားပါးမှုကြား “ Date Girl” ဝန်ဆောင်မှု“ ကျမအနေနဲ့ကတော့ အမျိုးသမီးငယ်တွေ ဝင်ငွေတခုရအောင်အတွက်ပါပဲ။ နောက်ပြီး သူတို့(အမျိုးသမီးငယ်)တွေ ကိုလာခေါ်တဲ့သူတွေ လိမ်ညာမှုမခံရအောင်နဲ့လိင်ပိုင်းဆိုင်ရာ …
Notes de l’épisode
အလုပ်အကိုင် ရှားပါးမှုကြား “ Date Girl” ဝန်ဆောင်မှု
“ ကျမအနေနဲ့ကတော့ အမျိုးသမီးငယ်တွေ ဝင်ငွေတခုရအောင်အတွက်ပါပဲ။ နောက်ပြီး သူတို့(အမျိုးသမီးငယ်)တွေ ကိုလာခေါ်တဲ့သူတွေ လိမ်ညာမှုမခံရအောင်နဲ့လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုမရှိအောင် အတွက် လုပ်ဆောင်ပေး ရတယ်” ဟု ၎င်းအမျိုးသမီးက ပြောပါတယ်။
“Date Girl” အလုပ်ကို ရွေးချယ်ရခြင်းက ကျောင်းတက်ဖို့ ဝင်ငွေရှာခြင်းဖြစ်သလို မိသားစုအတွက် ပိုက်ဆံရှာပေးခြင်တဲ့ စိတ်ဆန္ဒတခုဖြစ်ကြောင်း၊ လက်ရှိ စီးပွားရေး ခက်ခဲနေချိန်မှာ “Date Girl” အလုပ်က ငွေဖြင့်ရင်းနှီးရခြင်းမဟုတ်တဲ့အတွက် ကောင်းမွန်တဲ့ အလုပ်တခုဖြစ်ကြောင်း အသက် ၂၃ အရွယ် ရှိ နန်းယွန်း (အမည်လွှဲ) က ရင်ဖွင့်ပြောပြပါတယ်။
“ ဒီအလုပ်ကို လုပ်ချင်လို့တော့မဟုတ်ဘူး။ ရွေးချယ်စရာမရှိလို့ပါ။ ငွေရလွယ်တဲ့အလုပ်လည်း ဖြစ်လို့ပါ”လို့ နန်းယွန်းကဆိုပါတယ်။
“ ငြိမ်းချမ်းရေးနေ့” ရဲ့ ရည်ရွယ်ချက်တွေ လက်တွေ့မှာ ဖောက်ပျက်နေပြီလား
“ ငြိမ်းချမ်းရေးနေ့” ရဲ့ ရည်ရွယ်ချက်တွေ လက်တွေ့မှာ ဖောက်ပျက်နေပြီလား“ငြိမ်းချမ်းရေး”ဆိုတဲ့ စကားလုံးက ပြောဆိုရလွယ်ကူပေမယ့် တကယ်လက်တွေ့မှာ ဖော်ဆောင်ဖို့၊ လိုက်နာဖို့ ငြိမ်းချမ်းရေး အနှစ်သာရ ကို ခံစားရဖို့ဆိုတာ …
Notes de l’épisode
“ ငြိမ်းချမ်းရေးနေ့” ရဲ့ ရည်ရွယ်ချက်တွေ လက်တွေ့မှာ ဖောက်ပျက်နေပြီလား
“ငြိမ်းချမ်းရေး”ဆိုတဲ့ စကားလုံးက ပြောဆိုရလွယ်ကူပေမယ့် တကယ်လက်တွေ့မှာ ဖော်ဆောင်ဖို့၊ လိုက်နာဖို့ ငြိမ်းချမ်းရေး အနှစ်သာရ ကို ခံစားရဖို့ဆိုတာ ခက်ခဲလှပါတယ်။
“ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့” အတွက်ဆောင်ပုဒ်ကတော့ “Investing in Peace: For Everyone, Everywhere,Every Day”-“ လူတိုင်းအတွက်၊ နေရာတိုင်း၊ နေ့စဉ်နေတိုင်း ငြိမ်းချမ်းရေးအတွက် ရင်းနှီးမြှုပ်နှံစို့” ဆိုတာပါပဲ။
မြန်မာတဝှမ်းမှာ ပြည်တွင်းစစ်ရေး ပဋိပက္ခဖြစ်ပွားလာခဲ့တာ နှစ် ၇၀ကျော်ခဲ့ပြီး လက်ရှိဆိုရင် စစ်ရေးပဋိပက္ခတွေဟာ တစ်စထက် တစ်စပိုပြီးကျယ်ပြန့်လာပြီး စစ်ဘောင်ကျယ်လာကာ “စစ်ဝါဒီ” ပိုလွှမ်းမိုးလာနေတယ်လို့ ဆိုရမယ်လို့ထင်ပါတယ်။
ဒီလိုဖြစ်ရက်တွေဟာ မြန်မာနိုင်ငံတခုတည်းမဟုတ်ပါဘူး။ ကမ္ဘာကြီးဟာ ငြိမ်းချမ်းရေးကို လိုလားနေကြပေမယ့် တကယ်လက်တွေ့မှာတော့ နိုင်ငံအချင်းချင်းကြား တင်းမာမှုတွေ၊ နယ်မြေပြိုင်ဆိုင်မှု အငြင်းပွားမှုတွေ နဲ့ စစ်ရေးပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေဆဲပါ။
ရပ်ရွာဓလေ့ထုံးတမ်းအောက်က အကာအကွယ်မဲ့ မိန်းကလေးများ
Notes de l’épisode
ရပ်ရွာဓလေ့ထုံးတမ်းအောက်က အကာအကွယ်မဲ့ မိန်းကလေးများ
“ကျူးလွန်ခံရတဲ့ မိန်းကလေးဘက်က အပြောပဲရှိတယ်၊ သက်သေလည်း မရှိဘူး။ အဲဒီတော့ နှစ်ဖက်စလုံး ပြေလည်သွားအောင် ကျေအေးပေးလိုက်ပါဆိုပြီး လူကြီးတွေက ဆုံးဖြတ်လိုက်တာ”
ဒီစကားကတော့ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရတယ်လို့ စွပ်စွဲထားတဲ့ အမှုမှာ လိုက်ပါကူညီပေးနေတဲ့ နန်းဟွမ်ထံ စိတ်ပျက်လက်ပျက် ပြောပြလာတဲ့ စကားပဲဖြစ်ပါတယ်။
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကျေးရွာတစ်ရွာမှာ ပြီးခဲ့တဲ့ ဇွန်လတုန်းက အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။
“နင့်ကို ငါမုန်းတယ်” — ဘယ်အချိန်မှာ စကားတခွန်းက အမုန်းစကား ဖြစ်လာသလဲ
“နင့်ကို ငါမုန်းတယ်” — ဘယ်အချိန်မှာ စကားတခွန်းက အမုန်းစကား ဖြစ်လာသလဲ“နင့်ကို ငါမုန်းတယ်…”ညသန်းခေါင်ယံအချိန်တွင် ရည်းစားဟောင်းထံမှ ရောက်လာသည့် မက်ဆေ့ချ်တစ်စောင်။ စာကို ဖတ်လိုက်သည်နှင့် နှလုံးသားထဲမှ တစ်စုံတစ်ရာ …
Notes de l’épisode
“နင့်ကို ငါမုန်းတယ်” — ဘယ်အချိန်မှာ စကားတခွန်းက အမုန်းစကား ဖြစ်လာသလဲ
“နင့်ကို ငါမုန်းတယ်…”
ညသန်းခေါင်ယံအချိန်တွင် ရည်းစားဟောင်းထံမှ ရောက်လာသည့် မက်ဆေ့ချ်တစ်စောင်။ စာကို ဖတ်လိုက်သည်နှင့် နှလုံးသားထဲမှ တစ်စုံတစ်ရာ ကြေကွဲသွားသလို ခံစားရသည်။
တစ်ချိန်က ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်ခဲ့ဖူးသည့် လူတစ်ယောက်ထံမှ “မုန်းတယ်” ဆိုသည့် စကားလုံးသည် နာကျင်စေနိုင်သည်။ ဒေါသထွက်စေနိုင်သလို ဝမ်းနည်းစေနိုင်သည်။
သို့သော် ထိုနေရာတွင် မေးခွန်းတစ်ခု ပေါ်လာသည်။
“နင့်ကို ငါမုန်းတယ်” ဆိုသည့် စာကြောင်းကို အမုန်းစကား (Hate Speech) ဟု သတ်မှတ်နိုင်ပါသလား။
အမုန်းစကားဆိုတာ ဘာလဲ
တောင်တန်း နဲ့ ပြည်မတို့ ဆုံစည်းစေခဲ့တဲ့ ပင်လုံမြို့
တောင်တန်း နဲ့ ပြည်မတို့ ဆုံစည်းစေခဲ့တဲ့ ပင်လုံမြို့ အားလုံးပဲမင်္ဂလာပါ။ သျှမ်းသံတော်ဆင့်မှာ အပတ်စဉ်တင်ဆက်ပေးနေတဲ့ Voice Form Shan State သျှမ်းပြည်တစ်စေ့တစ်စောင် Podcast ကနေပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ပတ် Podcast …
Notes de l’épisode
တောင်တန်း နဲ့ ပြည်မတို့ ဆုံစည်းစေခဲ့တဲ့ ပင်လုံမြို့
အားလုံးပဲမင်္ဂလာပါ။ သျှမ်းသံတော်ဆင့်မှာ အပတ်စဉ်တင်ဆက်ပေးနေတဲ့ Voice Form Shan State သျှမ်းပြည်တစ်စေ့တစ်စောင် Podcast ကနေပြန်လည်ကြိုဆိုပါတယ်။
ဒီတစ်ပတ် Podcast ထဲမှာတော့ သျှမ်းပြည်က ပင်လုံမြို့ အကြောင်းကို ဆွေးနွေးထားတာပဲဖြစ်ပါတယ်။
လဲချားမြို့လို့ပြောလိုက်ရင် ဘယ်အရာကိုအရမ်းဆုံးသတိထားမိလဲ
လဲချားမြို့လို့ပြောလိုက်ရင် ဘယ်အရာကိုအရမ်းဆုံးသတိထားမိလဲ သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ စက်တင်ဘာ ၁၉ အားလုံးပဲမင်္ဂလာပါ ။ သျှမ်းသံတော်ဆင့်မှ အပတ်စဉ်တင်ဆက်ပေးနေတဲ့ Voice Form Shan State သျှမ်းပြည်တစ်စေ့တစ်စောင်း Podcast …
Notes de l’épisode
လဲချားမြို့လို့ပြောလိုက်ရင် ဘယ်အရာကိုအရမ်းဆုံးသတိထားမိလဲ
သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ စက်တင်ဘာ ၁၉
အားလုံးပဲမင်္ဂလာပါ ။ သျှမ်းသံတော်ဆင့်မှ အပတ်စဉ်တင်ဆက်ပေးနေတဲ့ Voice Form Shan State သျှမ်းပြည်တစ်စေ့တစ်စောင်း Podcast ကနေ ပြန်ကြိုဆိုပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ လဲချားမြို့အကြောင်းကို ပြောထားတာဖြစ်ပါတယ်။
နားဆင်နေတဲ့စာဖတ်ပရိသတ်များလည်း လဲချားမြို့အကြောင်းကို ကော်မန့်အောက်မှာပြောသွားခဲ့ပါအုံးနော်
တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်
တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်သျှမ်းသံတော်ဆင့် ၊၂၀၂၆ ဩဂုတ် ၂၃လူတော်တော်များများက ကြောင်တွေကို အေးစက်စက်နိုင်တယ်လို့ ထင်ကြပေမဲ့ ၂၀၁၉ ခုနှစ်က Oregon State University ရဲ့ လေ့လာမှုအရ …
Notes de l’épisode
တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်
သျှမ်းသံတော်ဆင့် ၊၂၀၂၆ ဩဂုတ် ၂၃
လူတော်တော်များများက ကြောင်တွေကို အေးစက်စက်နိုင်တယ်လို့ ထင်ကြပေမဲ့ ၂၀၁၉ ခုနှစ်က Oregon State University ရဲ့ လေ့လာမှုအရ ကြောင်တွေဟာ သူတို့ပိုင်ရှင်တွေအပေါ် တကယ်ပဲ သံယောဇဉ်တွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနေ့ခေတ် ထိုင်းနိုင်ငံရဲ့ မြို့ပြနေထိုင်မှုပုံစံမှာ အိုက်တမ်တို့လို ကြောင်လေးတွေဟာ ကလေးငယ်တွေရဲ့ နေရာကို အစားထိုး နေရာယူလာကြပါတယ်။ ဘန်ကောက်ပို့စ် သတင်းစာရဲ့ အဆိုအရ ကလေးမွေးဖွားနှုန်းဟာ စံချိန်တင် ကျဆင်းနေပြီး၊ Deloitte ရဲ့ စစ်တမ်းတွေအရ Gen Z နဲ့ Millennials လူငယ်တွေဟာ စီးပွားရေးဖိအား တွေကြောင့် မိသားစုထူထောင်ဖို့ထက် အိမ်မွေးတိရစ္ဆာန်လေးတွေကိုပဲ ပိုမိုအားကိုးလာကြတာပါ။
မူဆယ်မြို့မှာ အရင်လိုနေလို့ကောင်းသေးရဲ့လား
မူဆယ်မြို့မှာ အရင်လိုနေလို့ကောင်းသေးရဲ့လား သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ ဩဂုတ် ၂၃ ဒီတစ်ပတ်ရဲ့ Voice Form Shan State သျှမ်းပြည်တစ်စေ့တစ်စောင်း Podcast မှာတော့ မူဆယ်မြို့အကြောင်း ပြောထားတာဖြစ်ပါတယ်။ နားဆင်နေတဲ့ …
Notes de l’épisode
မူဆယ်မြို့မှာ အရင်လိုနေလို့ကောင်းသေးရဲ့လား
သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ ဩဂုတ် ၂၃
ဒီတစ်ပတ်ရဲ့ Voice Form Shan State သျှမ်းပြည်တစ်စေ့တစ်စောင်း Podcast မှာတော့ မူဆယ်မြို့အကြောင်း ပြောထားတာဖြစ်ပါတယ်။
နားဆင်နေတဲ့ စာဖတ်ပရိတ်သတ်များလည်း မူဆယ်မြို့မှာဘယ်လိုပြောင်းလဲ သွားလဲဆိုတာ ကော်မန့်မှာမျှဝေသွားပေးပါအုံးနော်
တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသျှမ်းသံတော်ဆင့် ၊ ၂၀၂၆ ဩဂုတ် ၁၆ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် …
Notes de l’épisode
တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ ဩဂုတ် ၁၆
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် “တအာင်းပြည်နယ်” အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။
ထိုတောင်းဆိုချက်အပေါ် NSPNC က ၎င်းတို့ စစ်တပ်ကိုယ်တိုင် ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်နိုင်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့သည်။
အဆိုပါ တုံ့ပြန်ချက်သည် တရားဥပဒေကြောင်းအရ လမ်းကြောင်းတခု ပေးလိုက်သည်ဟု ထင်ရသော်လည်း၊ အမှန်တကယ်မှာ တမြင်ဖုံးကွယ်ထားသော စနစ်ဆိုင်ရာ ထောင်ချောက်တစ်ခုဖြစ်သည်။
မိုင်းဆတ်မြို့က ဘာကြောင့်ကုန်သွယ်ရေးမြို့တစ်မြို့မဖြစ်ခဲ့တာလဲ
မိုင်းဆတ်မြို့က ဘာကြောင့်ကုန်သွယ်ရေးမြို့တစ်မြို့မဖြစ်ခဲ့တာလဲသျှမ်းသံတော်ဆင့် ၊ ၂၀၂၆ ဩဂုတ် ၁၆ သျှမ်းသံတော်ဆင့်မှ အပတ်စဉ်ထုတ်လွှင့်ပေးနေသည့် " သျှမ်းပြည်တစ်စေ့တစ်စောင်း" Podcast မှ မိုင်းဆတ်မြို့အကြောင်းကို …
Notes de l’épisode
မိုင်းဆတ်မြို့က ဘာကြောင့်ကုန်သွယ်ရေးမြို့တစ်မြို့မဖြစ်ခဲ့တာလဲ
သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ ဩဂုတ် ၁၆
သျှမ်းသံတော်ဆင့်မှ အပတ်စဉ်ထုတ်လွှင့်ပေးနေသည့် " သျှမ်းပြည်တစ်စေ့တစ်စောင်း" Podcast မှ မိုင်းဆတ်မြို့အကြောင်းကို ပြောထားတာဖြစ်ပါတယ်။
နားဆင်နေတဲ့ ပရိတ်သတ်များလည်း မိုင်းဆတ်မြို့ကိုရောက်ဖူးခဲ့ရင် ဘယ်လိုတွေပြောင်းလဲမှုရှိနေလဲဆိုတာကို Comment ထဲပြောသွားပေးပါအုံးနော်။
“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”
“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ ဩဂုတ် ၈ ကလောမြို့လေးဟာ တောင်တန်းတွေ၊ ထင်းရှူးတောတွေနဲ့ စိမ်းစိုပြီး အရမ်းကို လှပတဲ့ မြို့လေးတစ်မြို့ပါ။ ဒါပေမဲ့ မိုးရာသီရောက်ပြီဆိုရင်တော့ …
Notes de l’épisode
“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”
သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ ဩဂုတ် ၈
ကလောမြို့လေးဟာ တောင်တန်းတွေ၊ ထင်းရှူးတောတွေနဲ့ စိမ်းစိုပြီး အရမ်းကို လှပတဲ့ မြို့လေးတစ်မြို့ပါ။ ဒါပေမဲ့ မိုးရာသီရောက်ပြီဆိုရင်တော့ မြို့ခံအချို့ဟာ ရေဘေးအန္တရာယ်ကို နေ့စဉ်နဲ့အမျှ စိုးရိမ်သောကရောက်နေကြရပါတယ်။
အားလုံးပဲမင်္ဂလာပါ။ သျှမ်းသံတော်ဆင့်မှ ထုတ်လွှင့်ပေးနေတဲ့ Podcast မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတပတ်အတွင်း Podcast မှာတော့ ချိန်းဆောသံတွေတိတ်လာတဲ့ ကလောမြို့” ဆိုတဲ့ ဆောင်းပါးကိုလာရောက်တင်ဆက်ပေးသွားပါမယ်။
ဒီဆောင်းပါးကို သျှမ်းသံတော်ဆင့်မှ ဇူလိုင်လအတွင်း ထုတ်လွှင်ခဲ့တာဖြစ်ပါတယ်။
ရွာငံ- အောင်ပန်းလမ်းပေါ်က စစ်ဆေးရေးဂိတ်က ဘယ်လိုတွေရှိနေပြီလဲ
ရွာငံ- အောင်ပန်းလမ်းပေါ်က စစ်ဆေးရေးဂိတ်က ဘယ်လိုတွေရှိနေပြီလဲ သျှမ်းသံတော်ဆင့်မှ အပတ်စဉ်တင်ဆက်ပေးနေတဲ့ “Voices Form Shan State” “သျှမ်းပြည်တစ်စေ့တစ်စောင်း Podcast ကနေပြီးတော့ ဒီတစ်ပတ်မှာ ရွာငံ …
Notes de l’épisode
ရွာငံ- အောင်ပန်းလမ်းပေါ်က စစ်ဆေးရေးဂိတ်က ဘယ်လိုတွေရှိနေပြီလဲ
သျှမ်းသံတော်ဆင့်မှ အပတ်စဉ်တင်ဆက်ပေးနေတဲ့ “Voices Form Shan State” “သျှမ်းပြည်တစ်စေ့တစ်စောင်း Podcast ကနေပြီးတော့ ဒီတစ်ပတ်မှာ ရွာငံ - အောင်ပန်းလမ်းမပေါ်က စစ်ဆေးရေးဂိတ်ဘယ်လိုရှိနေလဲဆိုတာကို ပြောသွားတာဖြစ်ပါတယ်။
ဒါကြောင့် မိမိအနေနဲ့ကော စစ်ဆေးရေးဂိတ်မှာ ဘယ်လိုတွေကြုံတွေ့ခဲ့ဖူးလဲဆိုတာကို မျှဝေပေးခဲ့ကြပါအုံးနော်
#SHANBurmese
#whathappeninginshan
#သျှမ်းသံတော်ဆင့်
ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”
ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် …
Notes de l’épisode
ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။
ထိုကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့် ရှေ့ဆက်လုပ်ဆောင်မည့် လမ်းပြမြေပုံကို ရှင်းလင်းတင်ပြသည်။
၎င်းဆွေးနွေးပွဲအပေါ် NDAA ဥက္ကဋ္ဌ ဦးထိန်လင်းက လှိုက်လှိုက်လှဲလှဲ ကြိုဆိုတုံ့ပြန်ခဲ့ပြီး နိုင်ငံတော်သမ္မတအဖြစ် မင်းအောင်လှိုင် ရာထူးတာဝန်ယူမှုအပေါ် “အလွန်ဝမ်းမြောက်ဂုဏ်ယူကြောင်း” ထုတ်ဖော်ပြောဆိုခဲ့သည်။
NDAA ခေါင်းဆောင်ပိုင်းက ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပညာရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် အာဏာသိမ်းသမ္မတ၏ ဆောင်ရွက်မှုများကို ပေါ်ပေါ်ထင်ထင် ချီးကျူးခဲ့ပြီး၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ကာကွယ်ရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အတွက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ကြေညာခဲ့သည်။
မိုးရာသီရောက်ရင် ဘာကိုအရင်ဆုံးသတိရမိပါသလဲ
မိုးရာသီရောက်ရင် ဘာကိုအရင်ဆုံးသတိရမိပါသလဲ သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ ဇူလိုင် ၁၁ အားလုံးပဲမင်္ဂလာပါ။ သျှမ်းသံတော်ဆင့်မှ အပတ်စဉ်ထုတ်လွှင့်ပေးနေတဲ့ Voice Form Shan State သျှမ်းပြည်တစ်စေ့တစ်စောင် Podcast ကနေ …
Notes de l’épisode
မိုးရာသီရောက်ရင် ဘာကိုအရင်ဆုံးသတိရမိပါသလဲ
သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ ဇူလိုင် ၁၁
အားလုံးပဲမင်္ဂလာပါ။ သျှမ်းသံတော်ဆင့်မှ အပတ်စဉ်ထုတ်လွှင့်ပေးနေတဲ့ Voice Form Shan State သျှမ်းပြည်တစ်စေ့တစ်စောင် Podcast ကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ မိုးရာသီအတွင်း ဘာကိုသတိရမိလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးထားပါတယ်။
နားဆင်နေတဲ့ ပရိသတ်များကော မိုးရာသီကာလအတွင်းရောက်လာပြီဆိုရင် ဘာကိုအရင်ဆုံးသတိရမိလဲဆိုတာ ကော်မန့်ထဲမျှဝေလာပေးပါအုံးနော်။
စလော့ဂိမ်းပေးတဲ့ ဒုက္ခ
စလော့ဂိမ်းပေးတဲ့ ဒုက္ခ ဒီတစ်ပတ် Voice Form Shan State " သျှမ်းပြည်တစ်စေ့တစ်စောင် podcast ထဲမှာတော့ စလော့ဂိမ်းကပေးတဲ့ ဒုက္ခအကြောင်းကို ဆွေးနွေးထားတာပဲဖြစ်ပါတယ်။ မိမိအရပ်ဒေသမှာ စလော့ဂိမ်းကြောင့် …
Notes de l’épisode
စလော့ဂိမ်းပေးတဲ့ ဒုက္ခ
ဒီတစ်ပတ် Voice Form Shan State " သျှမ်းပြည်တစ်စေ့တစ်စောင် podcast ထဲမှာတော့ စလော့ဂိမ်းကပေးတဲ့ ဒုက္ခအကြောင်းကို ဆွေးနွေးထားတာပဲဖြစ်ပါတယ်။
မိမိအရပ်ဒေသမှာ စလော့ဂိမ်းကြောင့် ဘယ်လိုဒုက္ခမျိုးတွေ ကြုံတွေ့နေရလဲဆိုတာကိုလည်း Comment ထဲမှာ မျှဝေသွားခဲ့ပါအုံးနော်
ပညာရှင်ကို အသံတိတ်စေခြင်း – ဦးမင်းဇင် ဖမ်းဆီးခံရမှုနှင့် သျှမ်းမြောက်စစ်ပွဲကြားမှ ပေကျင်း၏ ခေတ်သစ်ဩဇာချဲ့ထွင်မှု
ပညာရှင်ကို အသံတိတ်စေခြင်း – ဦးမင်းဇင် ဖမ်းဆီးခံရမှုနှင့် သျှမ်းမြောက်စစ်ပွဲကြားမှ ပေကျင်း၏ ခေတ်သစ်ဩဇာချဲ့ထွင်မှု မြန်မာနိုင်ငံတွင် တရုတ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်နေကြသည့် လွတ်လပ်သော …
Notes de l’épisode
ပညာရှင်ကို အသံတိတ်စေခြင်း – ဦးမင်းဇင် ဖမ်းဆီးခံရမှုနှင့် သျှမ်းမြောက်စစ်ပွဲကြားမှ ပေကျင်း၏ ခေတ်သစ်ဩဇာချဲ့ထွင်မှု
မြန်မာနိုင်ငံတွင် တရုတ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်နေကြသည့် လွတ်လပ်သော သုတေသနပညာရှင်များ၊ သတင်းမီဒီယာသမားများနှင့် ပညာရှင်များ အခင်းအကျင်းတစ်ခုလုံးကို ပေကျင်းအစိုးရက ရည်ရွယ်ချက်ရှိရှိ ပေးပို့လိုက်သည့် ဂရုပြုရမည့် သတင်းစကားဖြစ်သည်။
တရုတ်နိုင်ငံနှင့် ပတ်သက်၍ ဝေဖန်ဆန်းစစ်သည့် စုံစမ်းလေ့လာမှုများသည် ယခုအခါ အလွန်အန္တရာယ်ရှိသော လုပ်ငန်းတခု ဖြစ်လာကြောင်း သိသာလာသည့် အခြေအနေတခုလည်း ဖြစ်သည်။
“သူလျှိုလုပ်မှုနှင့် တရုတ်အမျိုးသားလုံခြုံရေးကို အန္တရာယ်ပြုမှု” ဟူသော တိကျမှုမရှိသည့် ဝေဝါးပြီး နိုင်ငံရေးအရ အသုံးချရလွယ်ကူသည့် စွဲချက်များဖြင့် ဦးမင်းဇင်အား ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းသည် ပုံမှန်ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခုကိုတက်ရောက်ခြင်းမှ ပထဝီနိုင်ငံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
ပဋိပက္ခကြားထဲက အုပ်ချုပ်ရေးမှူးဒုက္ခ
ပဋိပက္ခကြားထဲက အုပ်ချုပ်ရေးမှူးဒုက္ခ မိုင်ဆုန်ခ ဒီတပတ် “Voices From Shan State” “သျှမ်းပြည် တစေ့တစောင့်” Podcast ကနေပြီး တော့ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီတပတ်မှာတော့ သျှမ်းပြည် စစ်ရေးပဋိပက္ခကြားမှာ …
Notes de l’épisode
ပဋိပက္ခကြားထဲက အုပ်ချုပ်ရေးမှူးဒုက္ခ
မိုင်ဆုန်ခ ဒီတပတ် “Voices From Shan State” “သျှမ်းပြည် တစေ့တစောင့်” Podcast ကနေပြီး တော့ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီတပတ်မှာတော့ သျှမ်းပြည် စစ်ရေးပဋိပက္ခကြားမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အများအပြားသတ်ခံနေရပြီး၊ အုပ်ချုပ်ရေးမှူးလုပ်ဖို့အတွက် ကြောက်ရွံ့နေတဲ့အကြောင်းကို ကျနော် စိုင်းဆိုင်လျန်နဲ့ ကျနော် နန်းဆိုင်နွမ်တို့က ပြောပြသွားမှာပါ။
ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာ ဒီမှာ နားထောင်နေတဲ့ ပရိသတ်တွေအားလုံး သိပြီးသားဖြစ်ပါတယ်။ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးက ဘာတွေလုပ်ကြလဲ။ ဘယ်လိုကဏ္ဍတွေမှာ တာဝန်ယူရလဲဆိုတာရော ဒီမှာ နားဆင်နေကြတဲ့ ပရိသတ်တွေ ရော သိကြပါသလား။
ကျနော်တို့ ပြောနေကြတဲ့ မြန်မာနိုင်ငံရဲ့ဒေသန္တရ အုပ်ချုပ်ရေးတာဝန်မှာ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက အရေးပါတဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ပဋိပက္ခကြားမှာ အုပ်ချုပ်ရေးမှူးတွေ ဘယ်လိုဒုက္ခကြုံတွေ့နေရလဲဆိုတာ ပြောပြသွားမှာဖြစ်ပါတယ်။
အကြွေးနွံထဲနစ်နေတဲ့ တောင်သူဘဝများ
အကြွေးနွံထဲနစ်နေတဲ့ တောင်သူဘဝများဟင်းသီးဟင်းရွက် ၊ အသီးအနှံ ဆိုတာဟာကျနော်တို့ လူသားတွေအတွက် ကျန်းမာရေးကောင်းအောင်လိုအပ်တဲ့ ဗီတာမင် ၊ ဖိုက်ဘာတွေကို ပေးတဲ့ ဟင်းလျာတွေပဲဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ ၊ …
Notes de l’épisode
အကြွေးနွံထဲနစ်နေတဲ့ တောင်သူဘဝများ
ဟင်းသီးဟင်းရွက် ၊ အသီးအနှံ ဆိုတာဟာကျနော်တို့ လူသားတွေအတွက် ကျန်းမာရေးကောင်းအောင်လိုအပ်တဲ့ ဗီတာမင် ၊ ဖိုက်ဘာတွေကို ပေးတဲ့ ဟင်းလျာတွေပဲဖြစ်ပါတယ်။
ဟင်းသီးဟင်းရွက်တွေ ၊ အသီးအနှံတွေရရှိလာဖို့ကလည်း တောင်သူလယ်သမားတွေအပေါ် အများကြီးမူတည်နေပါတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု နဲ့ ကုန်ဈေးနှုန်းမြင့်တက်နေမှုကြောင့် တောင်သူလယ်သမားတွေ အရှုံးပေါ်ပြီး အကြွေးတွေဝန်ပိနေကြပါတယ်။
အားလုံးပဲ မင်္ဂလာပါ။ သျှမ်းသံတော်ဆင့်ရဲ့ Podcast က ပြန်လည်ကြိုဆိုလိုပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ တောင်သူလယ်သမားတွေရဲ့ “လယ်ယားအရှုံး ၊ အကြွေးဝန်ပိ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒီဆောင်းပါးကို နန်းခမ်းကူကရေးသားထားတာဖြစ်ပြီး သျှမ်းသံတော်ဆင့်မှ ဇွန်လအတွင်းမှာ ထုတ်ထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။
ကျနော်ကတော့ တင်ဆက်သူ စိုင်းဆိုင်လျန်ပါ။
အာဏာသိမ်း သမ္မတ တရုတ်ခရီးစဉ်မှာ ဘာတွေအပေးအယူလုပ်ခဲ့လဲ
အာဏာသိမ်း သမ္မတ တရုတ်ခရီးစဉ်မှာ ဘာတွေအပေးအယူလုပ်ခဲ့လဲ အာဏာသိမ်း သမ္မတဦးမင်းအောင်လှိုင်ဟာ နိုင်ငံတကာထောက်ခံမှု ကိုရရှိနိုင်ဖို့ အတွက် အပြင်းအထန် ကြိုစားနေလျက်ရှိပါတယ်။သမ္မတဖြစ်လာပြီးတဲ့နောက်ပိုင်းမှာတော့ …
Notes de l’épisode
အာဏာသိမ်း သမ္မတ တရုတ်ခရီးစဉ်မှာ ဘာတွေအပေးအယူလုပ်ခဲ့လဲ
အာဏာသိမ်း သမ္မတဦးမင်းအောင်လှိုင်ဟာ နိုင်ငံတကာထောက်ခံမှု ကိုရရှိနိုင်ဖို့ အတွက် အပြင်းအထန် ကြိုစားနေလျက်ရှိပါတယ်။
သမ္မတဖြစ်လာပြီးတဲ့နောက်ပိုင်းမှာတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယ နဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။
ပြီးခဲ့မေလကုန်ပိုင်း နဲ့ ဇွန်လအတွင်းမှာပဲ အိန္ဒိယခရီးစဉ်အပြီး တရုတ်နိုင်ငံကိုပထမဆုံးအကြိမ် သမ္မတအနေနဲ့ သွားရောက်ခဲ့ပါတယ်။ ထိုမှာလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။
ဦးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို အာဏာသိမ်းဗိုလ်ချုပ်ကြီးဖြစ်စဉ်ကာလအတွင်းမှာ ၁၃ ကြိမ်သွားရောက်ခဲ့ ဖူးပါတယ်။
ဒီတစ်ခါ သမ္မတအနေနဲ့သွားရောက်တဲ့အခါမှာတော့ ပြည်ထောင်စုဝန်ကြီး ၆ ဦး ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန် နဲ့ သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးတွေ ၊ ဒုတိယဝန်ကြီးတွေ နဲ့ သံအမတ်ကြီးတွေပါ လိုက်ပါသွားခဲ့တာပဲဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်က မိန်းကလေးများ လူကုန်ကူးခံရ
မြန်မာ-တရုတ်နယ်စပ်က မိန်းကလေးများ လူကုန်ကူးခံရမိုင်ဆုန်ခ ဒီတပတ် “Voices From Shan State” “သျှမ်းပြည် တစေ့တစောင့်” Podcast ကနေပြီး တော့ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ဒီတပတ်မှာတော့ မြန်မာ-တရုတ်နယ်စပ် …
Notes de l’épisode
မြန်မာ-တရုတ်နယ်စပ်က မိန်းကလေးများ လူကုန်ကူးခံရ
မိုင်ဆုန်ခ ဒီတပတ် “Voices From Shan State” “သျှမ်းပြည် တစေ့တစောင့်” Podcast ကနေပြီး တော့ ပြန်လည် ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်မှာတော့ မြန်မာ-တရုတ်နယ်စပ် မှာလူကုန်ကူးခံရတဲ့အကြောင်းကို ကျနော်နန်းဆိုင်နွမ်နဲ့ ဧည့်သည်အနေနဲ့ ဝင်ရောက်ဆွေးနွေးမယ့်သူကတော့ စိုင်းဟန်လင်းဖြစ်ပါတယ်။
လူကုန်ကူးမှုဟာ အရင်က ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံဘက်ကိုသာ လူကုန်ကူးခံရပြီး၊ လက်ရှိမှာတော့ မြန်မာပြည်တွင်းမှာ လူကုန်ကူးမှုတွေ စတင်ဖြစ်လာပါတယ်။
“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”
“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”အာဏာသိမ်းပြီးနောက်ပိုင်း အစစအရာရာ ကြပ်တည်လာပြီးနောက် အသက်မပြည့်တဲ့ ကလေးတွေကလည်း လုပ်ငန်းခွင်ထဲကို ရောက်ရှိလို့လာခဲ့ပါတယ်။ ကျောင်းနေအရွယ် အသက်မပြည့်သေးတဲ့ …
Notes de l’épisode
“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”
အာဏာသိမ်းပြီးနောက်ပိုင်း အစစအရာရာ ကြပ်တည်လာပြီးနောက် အသက်မပြည့်တဲ့ ကလေးတွေကလည်း လုပ်ငန်းခွင်ထဲကို ရောက်ရှိလို့လာခဲ့ပါတယ်။
ကျောင်းနေအရွယ် အသက်မပြည့်သေးတဲ့ ကလေးတွေကလည်း ကျောင်းပိတ်ရက်မှာ အပိုငွေရအောင်စုဆောင်ရှာဖွေလာခဲ့ကြပါတယ်။
ဒါပေမဲ့ ဥပဒေကင်းမဲနေတဲ့ မြန်မာနိုင်ငံမှာ အသက်မပြည့်သေးတဲ့ ကလေးတွေအတွက် လုပ်ငန်းခွင်မှာ အနိုင်ကျင့်ခံနေရတဲ့သူတွေဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က တောင်ကြီးမြို့ Peter ဆိုင်က ဆိုင်ရှင်ဟာ သူရဲ့ဝန်ထမ်း ကျောင်းနေအရွယ် အသက် ၁၆ အရွယ်ရှိတဲ့သူကို ရိုက်နှက်သတ်ဖြတ်ခဲ့ပါတယ်။
အားလုံးပဲ မင်္ဂလာပါ သျှမ်းသံတော်ဆင့်ရဲ့ Podcast အစီစဉ်ကနေပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ “ ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရတဲ့ အသက် ၁၆ နှစ် သမီးလေ” ဆိုတဲ့ဆောင်းပါးတစ်ပုဒ်ကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒီဆောင်းပါးကို စိုင်းဟန်လင်းကရေးသားထားပြီးတော့ မေလ ၁၄ ရက်မှာ သျှမ်းသံတော်ဆင့်က ထုတ်လွှင်ခဲ့တာဖြစ်ပါတယ်။
ကျနော်ကတော့ တင်ဆက်သူ စိုင်းဆိုင်လျန်ပါ။
လားရှိုးမြို့က အရင်က အရမ်းအေးချမ်းတဲ့မြို့တစ်မြို့ဖြစ်ခဲ့တာ
လားရှိုးမြို့က အရင်က အရမ်းအေးချမ်းတဲ့မြို့တစ်မြို့ဖြစ်ခဲ့တာအာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့မှာကလည်း ပြောင်းလဲသွားခဲ့ပါတယ်။ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးအပြီး လားရှိုးမြို့ဟာ ယခင်ကနဲ့မတူညီတော့ပါဘူး။ ဒါကြောင့် …
Notes de l’épisode
လားရှိုးမြို့က အရင်က အရမ်းအေးချမ်းတဲ့မြို့တစ်မြို့ဖြစ်ခဲ့တာ
အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့မှာကလည်း ပြောင်းလဲသွားခဲ့ပါတယ်။ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးအပြီး လားရှိုးမြို့ဟာ ယခင်ကနဲ့မတူညီတော့ပါဘူး။ ဒါကြောင့် ဒီတစ်ပတ် Podcast ထဲမှာတော့ လားရှိုးမြို့ကို သတိရတဲ့အနေနဲ့ ယခင်က ဘယ်လိုမြို့ဖြစ်ခဲ့ဖူးလဲဆိုတာကို ပြောပြထားတာဖြစ်ပါတယ်။
#SHANBurmese
#whathappeninginshan
#သျှမ်းသံတော်ဆင့်
#shanpodcast
ရွှေတူးဖော်မှုတွေကြောင့် မိုင်းဆတ်မြို့ ဘယ်လိုပြောင်းလဲသွားပြီလဲ
ရွှေတူးဖော်မှုတွေကြောင့် မိုင်းဆတ်မြို့ ဘယ်လိုပြောင်းလဲသွားပြီလဲ ဒီတစ်ပတ် Voice Form Shan State " သျှမ်းပြည်တစေ့တစောင်း" Podcast ထဲမှာတော့ ရွှေတူးဖော်မှုတွေကြောင့် သျှမ်းပြည် မိုင်းဆတ်မြို့မှာ …
Notes de l’épisode
ရွှေတူးဖော်မှုတွေကြောင့် မိုင်းဆတ်မြို့ ဘယ်လိုပြောင်းလဲသွားပြီလဲ
ဒီတစ်ပတ် Voice Form Shan State " သျှမ်းပြည်တစေ့တစောင်း" Podcast ထဲမှာတော့ ရွှေတူးဖော်မှုတွေကြောင့် သျှမ်းပြည် မိုင်းဆတ်မြို့မှာ ဘယ်လိုတွေပြောင်းလဲသွားလဲဆိုတာကို ပြောထားတာဖြစ်ပါတယ်။
နားဆင်နေတဲ့ ပရိသတ်တွေကော မိုင်းဆတ်မြို့ကိုရောက်ဖူးရင် ဘယ်လိုတွေပြောင်းလဲသွားလဲဆိုတာကို သိရင်ကျနော်တို့ Comment ထဲမှာ မျှဝေပေးလို့ရပါနော်။
#ShannewsBurmese
#သျှမ်းသံတော်ဆင့်
စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်
စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်စစ်ကော်မရှင်က ရွေးကောက်ပွဲတစ်ပွဲ ကျင်းပပြီး လွှတ်တော်ကိုလည်း ပြန်ခေါ်ခဲ့ပြီးပါပြီး။ ဒါပေမဲ့ ဒါဟာ မြန်မာ့ဒီမိုကရေစီ ပြန်ပေါ်လာတာလား — ဒါမှမဟုတ် …
Notes de l’épisode
စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်
စစ်ကော်မရှင်က ရွေးကောက်ပွဲတစ်ပွဲ ကျင်းပပြီး လွှတ်တော်ကိုလည်း ပြန်ခေါ်ခဲ့ပြီးပါပြီး။
ဒါပေမဲ့ ဒါဟာ မြန်မာ့ဒီမိုကရေစီ ပြန်ပေါ်လာတာလား — ဒါမှမဟုတ် အာဏာသိမ်းမှုကို ဖုံးကွယ်တဲ့ ဟန်ပြပွဲသာ ဖြစ်တာလား။
မိုင်ဆုန်ခ နားထောင်သူများအားလုံး။ ကျနော်တို့ရဲ့ သျှမ်းသံတော်ဆင့် Podcast မှာ ပြန်ကြိုဆိုပါတယ်။
ဒီနေ့တော့ စစ်တပ်ချုပ်ကိုင်တဲ့ လွှတ်တော်နဲ့ မြန်မာ့နိုင်ငံရေး အနာဂတ်အကြောင်း ပြောသွားမှာဖြစ်ပါတယ်။
ဒီဆောင်းပါးကိုတော့ စိုင်းခွမ်းမိန်းကရေးသားထားပြီး ၂၀၂၆ မတ်လ ၃၀ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။
ညောင်ရွှေမြို့က ဘာတွေပြောင်းလဲသွားပြီလဲ
ညောင်ရွှေမြို့က ဘာတွေပြောင်းလဲသွားပြီလဲ သျှမ်းသံတောင်ဆင့်က ထုတ်လွှင်ပေးနေတဲ့ Voice of Shan State သျှမ်းပြည်တစ်စေ့တစ်စောင်း Podcast ကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီနေ့ Podcast ထဲမှာတော့ …
Notes de l’épisode
ညောင်ရွှေမြို့က ဘာတွေပြောင်းလဲသွားပြီလဲ
သျှမ်းသံတောင်ဆင့်က ထုတ်လွှင်ပေးနေတဲ့ Voice of Shan State သျှမ်းပြည်တစ်စေ့တစ်စောင်း Podcast ကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီနေ့ Podcast ထဲမှာတော့ ညောင်ရွှေမြို့အကြောင်းကိုလာပြီးတော့ ပြောပြပေးသွားမှာဖြစ်ပါတယ်။ အဓိကတော့ ညောင်ရွှေမြို့ဟာ ဘယ်လိုမြို့လဲ ဘာတွေရှိလဲဆိုတာကို လာပြောပြပေးသွားမှာဖြစ်ပါတယ်။
ညောင်ရွှေမြို့ဟာ အင်းလေးကန်သို့သွားရာ အဓိကတံခါးပေါက်ဖြစ်သော ရှေးဟောင်းမြို့ဟောင်းတစ်ခုဖြစ်ပါတယ်။ အင်းတိုင်းရင်းသားများ အများဆုံးနေထိုင်ကာ အင်းလေးကန်ရှုခင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများကြောင့် နိုင်ငံခြားခရီးသွားများကြားတွင် အလွန်ထင်ရှားပြီး သမိုင်းနောက်ခံသမိုင်းကြောင်းကြွယ်ဝသော မြို့နယ်တစ်ခု ဖြစ်ပါတယ်။
တစ်ချိန်က ပုံအင်းဒေသက ဘယ်လိုဖြစ်ခဲ့ဖူးလဲ?
တစ်ချိန်က ပုံအင်းဒေသက ဘယ်လိုဖြစ်ခဲ့ဖူးလဲ?ဒုတိယအင်းလေးလို့တင်စားထားတဲ့ ပုံအင်းဒေသဟာ ယခင်က ဘယ်လိုမျိုးအခြေနေမျိုးရှိခဲ့ဖူးပါသလဲ။ လက်ရှိအချိန်မှာကော ပုံအင်းဒေသဟာ ဘယ်လိုတွေပြောင်းလဲသွားခဲ့ပြီလဲ။ ဒါကြောင့် ဒီနေ့ …
Notes de l’épisode
တစ်ချိန်က ပုံအင်းဒေသက ဘယ်လိုဖြစ်ခဲ့ဖူးလဲ?
ဒုတိယအင်းလေးလို့တင်စားထားတဲ့ ပုံအင်းဒေသဟာ ယခင်က ဘယ်လိုမျိုးအခြေနေမျိုးရှိခဲ့ဖူးပါသလဲ။ လက်ရှိအချိန်မှာကော ပုံအင်းဒေသဟာ ဘယ်လိုတွေပြောင်းလဲသွားခဲ့ပြီလဲ။
ဒါကြောင့် ဒီနေ့ Podcast ထဲမှာတော့ ပုံအင်းဒေသအကြောင်းရဲ့ အပြောင်းအလဲကို ပြောပြထားတာဖြစ်ပါတယ်။
ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day)
ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day လာမည့် မေ (၃)ရက် နေ့က ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) ဖြစ်ပြီး ကမ္ဘာတဝှမ်းမှာရှိတဲ့ သတင်းသမားတွေ၊ သတင်းလွတ်လပ်ခွင့်ကို …
Notes de l’épisode
ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day
လာမည့် မေ (၃)ရက် နေ့က ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) ဖြစ်ပြီး ကမ္ဘာတဝှမ်းမှာရှိတဲ့ သတင်းသမားတွေ၊ သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားလေးစားသူတွေက နှစ်စဉ်ကျင်းပလာခဲ့ကြပါတယ်။
စာနယ်ဇင်း သမား၊ သတင်းသမားဆိုတာ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ အတွေးအခေါ်တွေနဲ့ ကွဲလွဲမှုတွေ ပါဝင်တဲ့ သဘောထားတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသလို ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည်မှာ စာနယ်ဇင်းသမား၊ သတင်းစာဟာ အလွန်ပင် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုပါ။
လက်ရှိ ကမ္ဘာတဝှမ်းမှာ သတင်းသမားတွေ မကြုံစဖူး ဖိနှိပ်မှုတွေ ရင်းဆိုင်နေရပြီး၊ မကြာခဏ ၎င်းတို့ရဲ့ အသက်နဲ့ လွတ်လပ်ခွင့်တွေကို ထိခိုက်စေပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း သတင်းလွတ်လပ်ခွင့်အခြေအနေ ဟာ လွန်စွာ ဆိုးရွာနေပြီး သတင်းသမားတွေကို စစ်အာဏာရှင်က ဖမ်းဆီးချုပ်နှောင်မှုတွေရင်ဆိုင်ကြုံတွေ့နေရသလို ကမ္ဘာသတင်းလွတ်လပ်ခွင့်ညွှန်းကိန်းမှဦလည်း မြန်မာနိုင်ငံက အနိမ့်ဆုံးအဆင့် နိုင်ငံ (၁၀)နိုင်ငံထဲပါဝင်နေပါတယ်။ ဒါကြောင့် ကျနော်တို့ တိုင်းရင်းမီဒီယာဖြစ်တဲ့ သျှမ်းပြည်အခြေစိုက် စာနယ်ဇင်း၊သတင်းမီဒီယာအခန်းကဏ္ဍမှာရော သတင်းသမားတွေ ဘယ်လို ခက်ခဲစိန်ခေါ်မှုတွေကြုံတွေ့နေရလဲ။ လက်ရှိ စစ်ရေးပဋိပက္ခတွေမှာ သတင်းဆိုတဲ့အရာကိုလူထုတွေ အတွက် ဘာကြောင့် အရေးကြီးလဲဆိုတာ ကျနော် စိုင်းဆိုင်လျန်နဲ့ ကျနော် နန်းဆိုင်နွမ်တို့က ဒီPodcast မှာ ဆွေးနွေးသွားမှာပါ။
သျှမ်းပြည် ရဲ့ စိန်ခေါ်မှု၊ အကြပ်တည်း လူထုအတွက် ခက်ခဲမှုများစွာရှိနေတဲ့ “သိန္နီ”မြို့အကြောင်း
Notes de l’épisode
သျှမ်းပြည် ရဲ့ စိန်ခေါ်မှု၊ အကြပ်တည်း လူထုအတွက် ခက်ခဲမှုများစွာရှိနေတဲ့ “သိန္နီ”မြို့အကြောင်း
သိန္နီက သျှမ်းသမိုင်းတွင်တဲ့မြို့၊ သိန္နီက မြောက်ပိုင်းသျှမ်းစော်ဘွားတွေ အုပ်ချုပ်ခဲ့ရာ မြို့။ သိန္နီက သျှမ်းယဉ်ကျေးမှုတွေ ပြည့်တဲ့မြို့တမြို့ပါ။
ဒါတင်မကဘူး သိန္နီက မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ တင်ရှိတဲ့မြို့ပါ။
အခုချိန်မှာတော့ သိန္နီမြို့က ဘယ်လိုတွေပြောင်းလဲသွားလဲဆိုတာ Podcast ထဲမှာ ဆွေးနွေးထားတာဖြစ်ပါတယ်။
#SHANBurmese
#shannews
#Podcast
#Shanstates
ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း
ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်းပဋိပက္ခများတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး နဲ့ ကင်းကွာနေတာ နှစ် ၇၀ ကျော်ကြာခဲ့ပါပြီ။ နှစ် ၇၀ ကျော်လုံးလုံး စစ်ရေး နိုင်ငံရေးတွေနဲ့ ရှုပ်ထွေးနေတဲ့ …
Notes de l’épisode
ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း
ပဋိပက္ခများတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး နဲ့ ကင်းကွာနေတာ နှစ် ၇၀ ကျော်ကြာခဲ့ပါပြီ။
နှစ် ၇၀ ကျော်လုံးလုံး စစ်ရေး နိုင်ငံရေးတွေနဲ့ ရှုပ်ထွေးနေတဲ့ မြန်မာနိုင်ငံမှာ ဘယ်တော့ ငြိမ်းချမ်းမလဲဆိုတာဟာလည်း ပြည်သူတွေတိုင်းရဲ့ မေးခွန်တစ်ခုဖြစ်ပါလိမ့်မယ်။
အလားတူ မြန်မာနိုင်ငံတွင်း တိုင်းရင်းသားပေါင်းစုံ အတူတကွငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် အဖွဲ့စည်းအသီးသီးကလည်း ကြိုးပမ်းလုပ်ဆောင်နေကြပါတယ်။
ဒါကြောင့် ဒီနေ့မှာတော့ ငြိမ်းချမ်းရေး မျော်လင့်ချက်ကြားက လွိုင်တိုင်းလျန်ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒီဆောင်းပါးကိုတော့ စိုင်းဟန်လင်းကရေးသားထားတာဖြစ်ပြီး သျှမ်းသံတော်ဆင့်ကနေ မတ်လအတွင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ကျနော်ကတော့ တင်ဆက်သူ စိုင်းဆိုင်လျန်ပါ။
ရွှေတြိဂံဒေသ တာချီလိတ်မြို့ဟာ ဘယ်လိုတွေ ပြောင်းလဲသွားနေပြီလဲ
ရွှေတြိဂံဒေသ တာချီလိတ်မြို့ဟာ ဘယ်လိုတွေ ပြောင်းလဲသွားနေပြီလဲ သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ ဧပြီ ၀၄တာချီလိတ်မှာက လူမျိုးစုံတယ်။ တိုင်းရင်းသးတွေလည်းစုံတယ်။ သျှမ်း၊ အာခါ၊ လားဟူ၊ တရုတ်တွေလည်းရှိတယ်။ …
Notes de l’épisode
ရွှေတြိဂံဒေသ တာချီလိတ်မြို့ဟာ ဘယ်လိုတွေ ပြောင်းလဲသွားနေပြီလဲ
သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ ဧပြီ ၀၄
တာချီလိတ်မှာက လူမျိုးစုံတယ်။ တိုင်းရင်းသးတွေလည်းစုံတယ်။ သျှမ်း၊ အာခါ၊ လားဟူ၊ တရုတ်တွေလည်းရှိတယ်။ လက်နက်ကိုင်တပ်ဖွဲ့ကတော့ လားဟူပြည်သူ့စစ်တွေရှိတယ်။ မြို့ပေါ်မှာ UWSA ဆက်ဆံရေးရုံးရှိတယ်။ တာချီလိတ်က အရင် ကိုဗစ်မတိုင်ခင်ကဆိုရင် ခရီးသွားလာရေးတွေ လာလည်ကြတယ်။ ထိုင်းနိုင်ငံ မယ်ဆိုင်ကနေ ဘက်ပြီးတော့ တာချီလိတ်ကို တရက်သာ ခရီးလာလည်ကြတယ်။ အခုတော့ အဲ့ဒါတွေမတွေ့တော့ဘဲ ဟိုတယ်တွေများပြီး ခရီးသွားရှားသွားပြီ။
Voici les 40 derniers épisodes sur 92. Les épisodes plus anciens se trouvent dans le flux du podcast.
C’est votre podcast ?
Confirmez-le avec une entrée dans votre flux : vous recevez ici un code, vous l’ajoutez comme podcast:txt dans le canal de votre flux, et nous le vérifions. Votre podcast apparaît ensuite comme « vérifié » sur SoundNode.