
အာဆီယံက မြန်မာ နေပြည်တော် အစိုးရ လုပ်ဆောင်ချက်တွေ အပေါ် အကဲဖြတ်ချက်တွေက ဘာတွေလဲ
Shownotes
နိုဝင်ဘာ ၁၆ ရက်၊ တနင်းလာနေ့ ဘီဘီစီ မြန်မာပိုင်း ရေဒီယို အစီအစဉ်
- ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ်လုပ်သားတွေ တလကို ဒေါ်လာ ၂၄၀ ပေးဖို့ တောင်းဆိုကြ - အာဆီယံက မြန်မာ နေပြည်တော် အစိုးရ လုပ်ဆောင်ချက်တွေ အပေါ် အကဲဖြတ်ချက်တွေက ဘာတွေလဲ - ကြက်သွန်နီ အသစ်ပေါ်ချိန်မှာ စျေးတွေ ထိုးတက်နေတာက ဘာကြောင့်လဲ - အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ ပူးပေါင်း ဖွဲ့စည်းလိုက်တဲ့ မြေပြင်က ပွတ်တိုက်မှုတွေ ညှိနှိုင်းဖြေရှင်းရေး ယန္တရားဆိုတာက ဘာပါလဲ - ဘတ်အယ်မန်းဒတ်ရေလက်ကြားကို ထိန်းချုပ်ရေးမှာ အချက်အချာကျတဲ့ အေဒင်မြို့ဘက်ကို ဟူသီတိုက်ခိုက်ရေးသမားတွေ ရှေ့တိုး ချီတက်လာ - ယူကရိန်းက ဒရုန်း ၁,၃၀၀ ကျော်ကို ကြားဖြတ်ပစ်ချလိုက်ရတယ်လို့ ရုရှားက ပြော၊ ဒီ ဒရုန်းတိုက်ခိုက်မှု အတိုင်းအတာဟာ စစ်ပွဲ ၅ နှစ်တာ ကာလအတွင်း အများဆုံးလို့ ဆိုနေကြ - ဆူဒန်မှာ စစ်တပ်နဲ့ အရန်တပ်ကြား ပြည်တွင်းစစ် ဖြစ်နေပြီး စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုတခုက လူပေါင်း ၁၅ ယောက် သေဆုံးစေခဲ့ကာ အဲဒီထဲက ၄ ယောက်က ဘောလုံးကစားနေကြတဲ့ ကလေးတွေဖြစ်
ဒီလို သတင်းတွေ အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက် ထားပါတယ်။
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858
ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ
လှိုင်းတိုမီတာ ၃၁ ကီလိုဟာ့တ်ဇ် ၉၅၆၀ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၁၁၀ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ရေဒီယို