
“နင့်ကို ငါမုန်းတယ်” — ဘယ်အချိန်မှာ စကားတခွန်းက အမုန်းစကား ဖြစ်လာသလဲ
Shownotes
“နင့်ကို ငါမုန်းတယ်” — ဘယ်အချိန်မှာ စကားတခွန်းက အမုန်းစကား ဖြစ်လာသလဲ
“နင့်ကို ငါမုန်းတယ်…”
ညသန်းခေါင်ယံအချိန်တွင် ရည်းစားဟောင်းထံမှ ရောက်လာသည့် မက်ဆေ့ချ်တစ်စောင်။ စာကို ဖတ်လိုက်သည်နှင့် နှလုံးသားထဲမှ တစ်စုံတစ်ရာ ကြေကွဲသွားသလို ခံစားရသည်။
တစ်ချိန်က ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်ခဲ့ဖူးသည့် လူတစ်ယောက်ထံမှ “မုန်းတယ်” ဆိုသည့် စကားလုံးသည် နာကျင်စေနိုင်သည်။ ဒေါသထွက်စေနိုင်သလို ဝမ်းနည်းစေနိုင်သည်။
သို့သော် ထိုနေရာတွင် မေးခွန်းတစ်ခု ပေါ်လာသည်။
“နင့်ကို ငါမုန်းတယ်” ဆိုသည့် စာကြောင်းကို အမုန်းစကား (Hate Speech) ဟု သတ်မှတ်နိုင်ပါသလား။
အမုန်းစကားဆိုတာ ဘာလဲ
Alle Folgen von Shan Herald Agency for News (Burmese Edition)