
အလုပ်အကိုင် ရှားပါးမှုကြား “ Date Girl” ဝန်ဆောင်မှု
Notas do episódio
အလုပ်အကိုင် ရှားပါးမှုကြား “ Date Girl” ဝန်ဆောင်မှု
“ ကျမအနေနဲ့ကတော့ အမျိုးသမီးငယ်တွေ ဝင်ငွေတခုရအောင်အတွက်ပါပဲ။ နောက်ပြီး သူတို့(အမျိုးသမီးငယ်)တွေ ကိုလာခေါ်တဲ့သူတွေ လိမ်ညာမှုမခံရအောင်နဲ့လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုမရှိအောင် အတွက် လုပ်ဆောင်ပေး ရတယ်” ဟု ၎င်းအမျိုးသမီးက ပြောပါတယ်။
“Date Girl” အလုပ်ကို ရွေးချယ်ရခြင်းက ကျောင်းတက်ဖို့ ဝင်ငွေရှာခြင်းဖြစ်သလို မိသားစုအတွက် ပိုက်ဆံရှာပေးခြင်တဲ့ စိတ်ဆန္ဒတခုဖြစ်ကြောင်း၊ လက်ရှိ စီးပွားရေး ခက်ခဲနေချိန်မှာ “Date Girl” အလုပ်က ငွေဖြင့်ရင်းနှီးရခြင်းမဟုတ်တဲ့အတွက် ကောင်းမွန်တဲ့ အလုပ်တခုဖြစ်ကြောင်း အသက် ၂၃ အရွယ် ရှိ နန်းယွန်း (အမည်လွှဲ) က ရင်ဖွင့်ပြောပြပါတယ်။
“ ဒီအလုပ်ကို လုပ်ချင်လို့တော့မဟုတ်ဘူး။ ရွေးချယ်စရာမရှိလို့ပါ။ ငွေရလွယ်တဲ့အလုပ်လည်း ဖြစ်လို့ပါ”လို့ နန်းယွန်းကဆိုပါတယ်။
Todos os episódios de Shan Herald Agency for News (Burmese Edition)