
“ ငြိမ်းချမ်းရေးနေ့” ရဲ့ ရည်ရွယ်ချက်တွေ လက်တွေ့မှာ ဖောက်ပျက်နေပြီလား
Notas do episódio
“ ငြိမ်းချမ်းရေးနေ့” ရဲ့ ရည်ရွယ်ချက်တွေ လက်တွေ့မှာ ဖောက်ပျက်နေပြီလား
“ငြိမ်းချမ်းရေး”ဆိုတဲ့ စကားလုံးက ပြောဆိုရလွယ်ကူပေမယ့် တကယ်လက်တွေ့မှာ ဖော်ဆောင်ဖို့၊ လိုက်နာဖို့ ငြိမ်းချမ်းရေး အနှစ်သာရ ကို ခံစားရဖို့ဆိုတာ ခက်ခဲလှပါတယ်။
“ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့” အတွက်ဆောင်ပုဒ်ကတော့ “Investing in Peace: For Everyone, Everywhere,Every Day”-“ လူတိုင်းအတွက်၊ နေရာတိုင်း၊ နေ့စဉ်နေတိုင်း ငြိမ်းချမ်းရေးအတွက် ရင်းနှီးမြှုပ်နှံစို့” ဆိုတာပါပဲ။
မြန်မာတဝှမ်းမှာ ပြည်တွင်းစစ်ရေး ပဋိပက္ခဖြစ်ပွားလာခဲ့တာ နှစ် ၇၀ကျော်ခဲ့ပြီး လက်ရှိဆိုရင် စစ်ရေးပဋိပက္ခတွေဟာ တစ်စထက် တစ်စပိုပြီးကျယ်ပြန့်လာပြီး စစ်ဘောင်ကျယ်လာကာ “စစ်ဝါဒီ” ပိုလွှမ်းမိုးလာနေတယ်လို့ ဆိုရမယ်လို့ထင်ပါတယ်။
ဒီလိုဖြစ်ရက်တွေဟာ မြန်မာနိုင်ငံတခုတည်းမဟုတ်ပါဘူး။ ကမ္ဘာကြီးဟာ ငြိမ်းချမ်းရေးကို လိုလားနေကြပေမယ့် တကယ်လက်တွေ့မှာတော့ နိုင်ငံအချင်းချင်းကြား တင်းမာမှုတွေ၊ နယ်မြေပြိုင်ဆိုင်မှု အငြင်းပွားမှုတွေ နဲ့ စစ်ရေးပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေဆဲပါ။
Todos os episódios de Shan Herald Agency for News (Burmese Edition)